မင်းတပ် ၁၃ ဇူလိုင်                  

မင်းတပ်မြို့နယ်နှင့် မတူပီမြို့နယ်ရှိ စီမံကိန်းကျေးရွာဝင်သည့် ကျေးရွာများမှ Grade-10 အောင် ကျောင်းသား/ကျောင်းသူ ၁၀ ဦးကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ရန် အတွက် အရည်အချင်းစစ်စာမေးပွဲ ယနေ့နံနက် ၉ နာရီတွင် မင်းတပ်မြို့ အနောက်ရပ်ကွက် လူသရမ်ဝေါလ် ဖက်ဒရေးရှင်းမြန်မာ(မင်းတပ်) ရုံးခန်း၌ ကျင်းပသည်။

 

စီမံကိန်းဝင်ကျေးရွာ ၆၃ ရွာမှ ပညာသင်ရန်ခက်ခဲလျက်ရှိသော ကျောင်းသား/ကျောင်းသူများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစီမံကိန်းဝန်ထမ်းများက စိစစ်ရွေးချယ်ကာ အမှတ်ပေး မည်ဖြစ် ကြောင်း၊ စာမေးပွဲအောင်မြင်သူများကို ပညာသင်စရိတ်တစ်နှစ်လုံး ငွေကျပ်ခြောက်သိန်း ထောက်ပံ့ သွားမည်ဖြစ်ကြောင်း သိရသည်။

 

စာမေးပွဲစစ်ဆေးခြင်းတွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ အထွေထွေဘာသာရပ်ပေါင်း အမှတ် ၁၀၀ ဖိုး ဖြေဆိုကြပြီး မင်းတပ်မြို့နှင့် မတူပီမြို့နယ်မှ ဖြေဆိုသူ ၃၀ အနက် မှ  ဆယ်ဦးကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)