တောင်ကြီး ၁၃ ဇူလိုင်
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံပြည်သူများအား ထောက်ပံ့ပေးနိုင်ရန် စီမံဆောင်ရွက်ထားသည့် ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများအား မေ ၂၁ ရက်မှ စတင်ထောက်ပံ့လျက်ရှိရာ ယနေ့နံနက် (၈) နာရီတွင် တောင်ကြီးမြို့ရှိ ရပ်ကွက် (၂)ရပ်ကွက်မှ အခြေခံပြည်သူလူထုများအား ဒုတိယအကြိမ် လက်ဝယ်အရောက် ဖြန့်ဝေ လှူဒါန်းပေးအပ်ကြောင်း သိရသည်။
ယင်းသို့ ဖြန့်ဝေလှူဒါန်းရာသို့ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ပရဟိတ အဖွဲ့ဝင်များက တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်နှင့် ရွှေတောင် ရပ်ကွက် (၂)ခုရှိ အခြေခံပြည်သူအိမ်ထောင်စု (၁၁၈၀) စုတို့အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ များပါဝင်သည့် ရိက္ခာထုပ်ပေါင်း (၁၆၇၈)ထုပ်အား ဖြန့်ဝေပေးခဲ့သည်။
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီအနေဖြင့် တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ အခြေခံပြည်သူများအား ဆန်၊ ဆီ၊ ဆား ကုလားပဲ များပါဝင်သည့် စားနပ်ရိက္ခာထုတ်များ ဒုတိယအကြိမ် ဆက်လက်ဖြန့်ဝေသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ယင်းကော်မတီမှ သိရသည်။
စိုးညွန့်ရွှေ(ပြည်နယ်ပြန်/ဆက်)


