ပုသိမ်  ၁၄  ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အစိုးရအဖွဲ့ရုံး ဧရာရွှေဝါခန်းမတွင် ဇူလိုင် ၁၄ ရက် နံနက် ၈ နာရီက မဲဆန္ဒရှင်စာရင်းအရ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ် ဖော်ပြခြင်းမရှိသူများအား   စိစစ်ခြင်းနှင့် လုံးဝ ကိုင်ဆောင်ထားခြင်းမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးရေးစီမံချက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်း၊ တိုင်းဒေသကြီ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်၊ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း ၊     အလုပ်သမား၊   လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းခိုင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက မဲဆန္ဒရှင်စာရင်း ရှိရေး ဆောက်ရွက်ချက်များကို တင်ပြပေးခဲ့ကြောင်း သိရသည်။

 

ဆက်လတ်၍ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်က ရှေး‌ကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပေးပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းခိုင်က Power Point ဖြင့် မှတ်ပုံတင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့မှု မဲဆန္ဒရှင်စာရင်းရရှိရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့သည်။

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက Power Point ဖြင့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရှင်းလင်း တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ‌ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

မင်းထွန်းဇော်