တီးတိန် ၁၄ ဇူလိုင်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုသမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်နေ ပြည်သူများ၏ မိသားစုဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားနိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းကို ကျေးရွာ (၃၅)ရွာ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုတွင် စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်းများ ကွင်းဆင်းဆောင်ရွက်ပြီး စီမံကိန်းဝင်ကျေးရွာများမှ မိမိတို့ဆောင်ရွက်လိုသည့် လုပ်ငန်းတင်ပြချက်များအပေါ် ခွင့်ပြုရန်ပုံငွေနှင့် ကိုက်ညီမှုရှိမရှိ ပြန်လည်စိစစ်ရမည်ဖြစ်သည်။
အဆိုပါ စီမံကိန်းလုပ်ငန်းတွင် တစ်ယူနစ်လျှင် ကျပ်သိန်းတစ်ရာ ချပေးမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုတွင် လုပ်အားခအတွက်သာ တွက်ချက်ထုတ်ပေးမည် ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုတွင် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန် ရှိပါက ခွင့်ပြုရန်ပုံငွေ၏ ၃၀ ရာခိုင်နှုန်း အထိသာ ခွင့်ပြုပေးမည်ဖြစ်သော်လည်း ပထမ ဦးစားပေး မဟုတ်ကြောင်း တီးတိန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


