ဒေးဒရဲ  ၁၄  ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် တညင်ကုန်းကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာတွင် ကိုဗစ်-၁၉ ကန့်သတ်ကာလ ဖြေလျှော့မှုများတွင် မွေးမြူရေးလုပ်ငန်းများ ပြန်လည်‌ဦးမော့ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက် မှုသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာလှိုင်ဘုန်းမြင့်က ယခု သင်တန်းကို ကိုဗစ်-၁၉ ရောဂါ၏ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP) စီမံချက်အရ ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကန့်သတ်ကာလဖြေလျှော့မှုများတွင် မွေးမြူရေးလုပ်ငန်းများ ပြန်လည်‌ဦးမော့ဆောင်ရွက်နိုင်ရေး၊ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ မွေးမြူရေးကဏ္ဍမှ မိသားစုဝင်ငွေရရှိစေရေးနှင့် တိရစ္ဆာန်ကူးစက်ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

သင်တန်းတွင် ဒေးဒရဲမြို့နယ်၊ တညင်ကုန်းကျေးရွာအုပ်စုမှ သင်တန်းသား ၃၀  တက်ရောက်လျက်ရှိ ကြောင်း နှင့်  မြို့နယ်အတွင်း (CERP) သင်တန်း (၁၈)ကြိမ် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

မြင့်မြင့်ခိုင်(ပြန်/ဆက်)