ဒဂုံမြောက် ၁၄ ဇူလိုင်
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ ယနေ့ ၈ နာရီက နေအိမ်ပြင်ပသို့ ထွက်သူတိုင်း နှာခေါင်းစည်းတပ်စေရန် ရည်ရွယ်၍ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများအား စစ်ဆေးအရေးယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးအရေးယူမှုများတွင် မြို့နယ်အတွင်း နေအိမ်ပြင်ပသို့ ထွက်သူတိုင်း နှာခေါင်းစည်းများ တပ်ရန်နှင့် တပ်ဆင်ခြင်းမရှိသူများအား မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းကို ရပ်ကွက်များအတွင်း လှည့်လည်အသိပေး ကြေညာခဲ့ပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ဘုရင်နောင်လမ်းဆုံနှင့် ကျောင်းလမ်းဆုံ တို့တွင် မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများမှ စစ်ဆေး ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ(၁၅) ဖြင့် နှာခေါင်းစည်းမတပ်သူ(၁၁)ဦးအား အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်ရီ(ပြန်/ဆက်)


