ဗန်းမော် ၁၄ ဇူလိုင်
ဧရာဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် ကချင်ပြည်နယ်၊ ဗန်းမော်မြိုနယ် ကောင်းတုံကျေးရွာနှင့် မြလယ်ကျေးရွာအကြားရှိ ဗန်းမော်-မန္တလေး မဟာဗျူဟာလမ်း၌ ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက စတင်၍ ကားလမ်းမပေါ်တွင် မြစ်ရေကျော်မှုဖြစ်ပွားလျက်ရှိရာ ခရီးသွား ပြည်သူများအား သွားလာရေး အဆင်ပြေစေရေးအတွက် ဌာနဆိုင်ရာများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့နယ် ကောင်းတုံကျေးရွာနှင့် မြလယ်ကျေးရွာအကြားရှိ ဗန်းမော်-မန္တလေး မဟာဗျူဟာလမ်းမကြီး မိုင်တိုင်အမှတ်(KM-264.5)နှင့် (KM-265.5)အကြားတွင် အလျားပေ (၅ဝ) ရေအမြင့်(၁)ပေခန့်၊ မိုင်တိုင်အမှတ်(KM-260.5)နှင့် (KM-261.5)အကြားတွင် အလျားပေ(၂ဝ) ရေအမြင့်(၆)လက်မခန့် မြစ်ရေကျော်လျက်ရှိပြီး ခရီးသွားပြည်သူ များအား သွားလာရေးအဆင်ပြေစေရန် ဗန်းမော်မြို့ အမှတ်(၁ဝဝ)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးသက်နိုင်ဦး နှင့်အဖွဲ့၊ စင်းခန်းနယ်မြေရဲစခန်းမှ ရဲအုပ်စန်းညွန့်နှင့် တပ်ဖွဲ့ဝင်များ၊ စင်းခန်းကျေးရွာမီးသတ်တပ်ဖွဲ့မှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦးနှင့် တပ်ဖွဲ့ဝင် များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့က လမ်းပြအမှတ်အသားများ စိုက်ထူပေးခြင်းနှင့် သွားလာရေး ချောမွေ့စေရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)


