ခန္တီး ၁၄ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၃၆၀ စင်တီမီတာရှိရာ ယနေ့နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ မိုးရေချိန် ၂ ဒသမ ၉၆ လက်မရှိပြီး ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ် ၁၁၈၆ စင်တီမီတာသို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၃၀ စင်တီမီတာသို့ ရောက်ရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာန တိုင်းထွာရေး(၄) ဦးဂျွန်တူးအောင်ပြောပြချက်အရ သိရသည်။

 

မိုးအဆက်မပြတ်ဆက်လက်ရွာသွန်းလျှင် ခန္တီးမြို့ ချင်းတွင်းမြစ်ရေ၏ အမြင့်ဆုံးစိုးရိမ်ရေအမှတ် ၁၃၆၀ စင်တီမီတာသို့ ရောက်ရှိနိုင်ရန် ၁၃၀ စင်တီမီတာ၊ ပေအားဖြင့် ၄ ပေကျော်လိုသေးကြောင်း သိရသည်။

 

စနေမောင်မောင်(ခန္တီး)