လိုင်လင်းပီ ၁၄ ဇူလိုင်
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ် လိုင်လင်းပီမြို့၌ မတူပီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ဆောင်ရွက်ပေးသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ လျှောက်လွှာများ ခေါ်ယူစိစစ်ပေးခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက MTP Hall ၌ ပြုလုပ်သည်။
အဆိုပါချေးငွေမှာ လိုင်လင်းပီကျေးရွာအဖြစ်တည်ရှိစဉ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်ကတည်းက မတည်ငွေကျပ် သိန်း ၃၀၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မတူပီမြို့နယ်၏ ကြီးကြပ်မှုနှင့် လိုင်လင်းပီ မြစိမ်းရောင်ရန်ပုံငွေကော်မတီအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ချေးငွေအတိုးမှာ ၁ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ယခုအချိန်တွင် အတိုးငွေ ကျပ်သိန်း ၁၉၀ ရှိသည့်အပြင် အဆိုပါ ချေးငွေလျှောက်ထားနိုင်သူ ၁၆၀ ရှိကြောင်းနှင့် ယင်းအတိုးငွေ၏ ၅၀ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် မြို့နယ်သို့ လျှောက်ထားခွင့်ရှိကြောင်း ကော်မတီမှတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
ကိုလိန်း(ပြန်/ဆက်)


