၁၄ ဇူလိုင်
အိန္ဒိယနိုင်ငံရဲ့ မြောက်ပိုင်းရှိ လူဦးရေ ၁၂၅ သန်းနေထိုင်တဲ့ ဘီဟားပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်နှိမ်နင်းရန် ၁၅ ရက် အသွားအလာကန့်သွားမယ်လို့ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူးက ဒီနေ့(အင်္ဂါနေ့)မှာ ကြေညာလိုက်ပါတယ်။
ဘီဟားပြည်နယ်အစိုးရကနေ အသွားလာကန့်သတ်မှုကို ဇူလိုင် ၁၆ ရက်မှာ ဇူလိုင် ၃၁ ရက်နေ့အထိ ပြဋ္ဌာန်းကြောင်း၊ ပြည်နယ်အတွင်းရှိတဲ့ မြို့တိုင်းရဲ့ စည်ပင်သာယာရေးရုံးတွေ၊ ပြည်နယ် အုပ်ချုပ်ရေးရုံးတွေပါ အသွားအလာကန့်သတ်မှုအောက်မှာ အကြုံးဝင်ကြောင်း ပြောပါတယ်။
အခုကြေညာချက်ဟာ နိုင်ငံ့တောင်ပိုင်းက မြို့နဲ့ အိုင်တီနည်းပညာမြို့ဖြစ်တဲ့ ဘန်ကောမှာလည်း သီတင်းတစ်ပတ်ကြာ အသွားအလာ ကန့်သတ်ထားပါတယ်။ တခြားပြည်နယ်နဲ့ မြို့တွေဟာလည်း အသွားအလာကန့်သတ်ထားပါတယ်။
MDN
ကိုးကား - AFP