ချောင်းဦး ၁၅ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် အမြင့်ကျေးရွာ၌ ရွေ့လျား၀န်ဆောင်မှုလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အမြင့်ကျေးရွာ ရွှေပန်းတိမ်ကုန်း ဘုရားကုန်းတော်ပေါ်၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်တို့ လိုက်ပါပြီး မြို့နယ်အလုပ်သမားလူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးထွန်းအောင်နှင့် ၀န်ထမ်းများက အိမ်ထောင်စုဇယား ပျောက်ဆုံး၊ ပျက်စီးနှင့် မွေးဖွားမှုအတွက် အိမ်ထောင်စုစာရင်း ထည့်သွင်းပေးခြင်း၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန ဝန်ထမ်းများမှ ဆေးကုသမှုပေးခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ လူကုန်ကူးမှု မဖြစ်စေရေး၊ မှုခင်းကျဆင်းရေးတို့ကို ပညာပေးဆွေးနွေးခြင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် ဥပဒေများအကြောင်း ရှင်းလင်းခြင်း၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဗီနိုင်းပိုစတာများပြသခြင်း၊ စသည့်လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်း ဆောင်ရွက်ရာသို့ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်လ.၀.ကဦးစီးမှူး ဦးစိုးထွန်းအောင် နှင့် ၀န်ထမ်းများ၊ ချောင်းဦးမြို့နယ်ရဲတပ်ဖွဲ့ နှင့် မြို့နယ် ဌာနဆိုင်ရာ(၁၁)ဌာနမှ တာဝန်ရှိသူများ၊ အမြင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောသိန်းသန်းချစ် နှင့် ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)


