ခန္တီး ၁၅ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်တချို့နေရာတွင် တွေ့ရှိသည့် နှံကောင်သည် ကန္တရကျိုင်းကောင် (နှံကောင်)မဟုတ်ကြောင်းနှင့် ဒေသတွင်းရှိသည့် ကော်ဖီကျိုင်းများသာဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ပညာရှင်များလာရောက်ပြီး ခန္တီးမြို့နယ် သာစည်နှင့် အောင်သာယာရွာတွင် ကွင်းဆင်းစစ်ဆေး အတည်ပြုခဲ့ကြောင်း သိရသည်။
လေရှီးမြို့နယ် နမိယူပီကျေးရွာအုပ်စု၊ မင်းနားကျေးရွာတွင် စိုက်ပျိုးရေးဝန်ထမ်းများသွားရောက်ပြီး ဇူလိုင် ၃ ရက်က ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဆွမ္မရာမြို့တွင် ဇူလိုင် ၆ ရက် ကွင်းဆင်းစစ်ဆေးရာ ကန္တရကျိုင်းကောင် (နှံကောင်) မဟုတ်ကြောင်းနှင့် ဟုမ္မလင်းမြို့နယ် နောင်ဖာမူကျေးရွာအုပ်စု၊ တောင်ခြေကျေးရွာ အနီး စိုက်ခင်းနှင့် ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်သောနှံကောင်မှာလည်း ကန္တရကျိုင်းကောင် မဟုတ် ကြောင်းကို ကွင်းဆင်းစစ်ဆေးအတည်ပြုခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး တာဝန်ခံ ဦးစီးအရာရှိ ဦးဌေးအောင်ထံမှ သိရသည်။
စနေမောင်မောင်(ခန္တီး)


