ချောက် ၁၆ ဇူလိုင်

မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ်(၇)ရပ်ကွက် အုတ်ဖိုရပ်နှင့် အမှတ်(၈)ရပ်ကွက် ပုဂံစုရပ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့် အိမ်ထောင်စု (၁၈)စု ရေဘေးရှောင် ယာယီစခန်းများသို့ ရွှေ့ပြောင်းရကြောင်း သိရသည်။

 

ထိုသို့ရွှေ့ပြောင်းရာတွင် အမှတ်(၇)ရပ်ကွက် အုတ်ဖိုရပ်ရှိ အိမ်ထောင်စု(၁၁)စုကို စားသုံးသူရေးရာဦးစီးဌာနပိုင် ဂိုထောင်ဝင်းအတွင်းသို့ လည်းကောင်း၊ အမှတ်(၈)ရပ်ကွက် ပုဂံစုရပ်ရှိ အိမ်ထောင်စု (၇)စုကို ရေနံတန်းလျားအနီးသို့ လည်းကောင်း ရွှေ့ပြောင်း နေထိုင်လျက်ရှိသည်။ ချောက်မြို့၏ စိုးရိမ်ရေအမှတ်သည် ၁၄၅၀ စင်တီမီတာရှိရာ ယနေ့နံနက် ၆ နာရီအချိန် ဧရာဝတီမြစ်‌ရေ တိုင်းထွာချက်မှာ ၁၁၉၈ စင်တီမီတာရှိသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)