ဂန့်ဂေါ ၁၆ ဇူလိုင်

 

ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ဆင်းသုခစပါး မျိုးစေ့ထုတ် လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ရာ ယခုအခါ စပါးမျိုးစေ့ထုတ်စိုက်ခင်းမျာ စတင်စိုက်ပျိုးနေပြီ ဖြစ်ကြောင်း သိရသည်။

 

မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ မျိုးစေ့ထုတ် တောင်သူများသာမက မျိုးစေ့ထုတ်လုပ်ငန်းနှင့် ဆက်စပ်နေသော လယ်ယာ လုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည် ဖြစ်သည်။

 

mdn

 

ထို့ပြင် မျိုးစေ့၊ မြေဩဇာသွင်းအားစု ဖြန့်ဖြူးရောင်းချသူများ၊ လယ်ယာသုံးစက်ပစ္စည်း ရောင်းချ ငှားရမ်းသူများ စသည့်ဆက်စပ် လုပ်ငန်းများအတွက်လည်း အကျိုးရှိစေမည်ဖြစ်ပြီး စပါးစိုက်တောင်သူများ လိုအပ်သော မျိုးကောင်းမျိုးသန့် စပါးမျိုးစေ့များကို ဒေသတွင်းမှာပင် လွယ်လင့်တကူ သင့်တင့်သောဈေးနှုန်းဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

 

စိုက်ပျိုးရေး ဦးစီးဌာန၏ နည်းပညာ၊ မျိုးစေ့နှင့် လုပ်အားခ အထောက်အပံ့များဖြင့် ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် ဆင်းသုခစပါး မျိုးသန့်မျိုးပွားမျိုးစေ့မှ စီးပွားဖြစ် မျိုးသန့်မျိုးစေ့အဖြစ် စပါးမျိုးစေ့ထုတ်စိုက်ခင်း ၄၀၀ ဧကကို ကျေးရွာပေါင်း ၁၀ ရွာမှ အကျိုးဆောင်တောင်သူများ၊ မျိုးစေ့ထုတ် အသင်းများနှင့် မျိုးစေ့ထုတ် သမဝါယမအသင်းများက စိုက်ပျိုးထုတ်လုပ်ကြမည် ဖြစ်ကြောင်း သိရသည်။

 

၁၄၄