ကော့သောင်း ၁၆ ဇူလိုင်

 

ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၃)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ ဓာတ်ပုံပြပွဲကို ဇူလိုင် ၁၅ ရက် မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ခရိုင်းရုံးရှေ့ ရုံးဝင်းအပြင်ဘက်တွင် ခင်းကျင်းပြသထားကြောင်း သိရသည်။

 

ခင်းကျင်းပြသမှုတွင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် သိမှတ်ဖွယ်ရာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နှုတ်ချက်များ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအကျဉ်းနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ မှတ်တမ်းဓာတ်ပုံများ၊ နံရံကပ်စာစောင်များအား ဓာတ်ပုံများ ဗီနိုင်းပိုစတာကြီးများဖြင့် စိတ်ဝင်စားဖွယ် ခင်းကျင်းပြသပေးထားပြီး လာရောက်ကြည့်ရှုသူများအား နှာခေါင်းစည်းများ တပ်ဆင်ကြရေး၊ လူစုလူဝေးဖြစ်စဉ်များ မပေါ်ပေါက်စေရေး Physycal Distancing တစ်ဦးနှင့် တစ်ဦး သုံးပေခွာကြည့်ရှုလေ့လာကြရေး ဝန်ထမ်းများမှ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက် ပြပွဲအား (၇၃)နှစ်မြောက် အာဇာနည်နေ့ဖြစ်သည့် ဇူလိုင် ၁၉ ရက်အထိ မြို့ခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာနိုင်ရေး ခင်းကျင်းပြသထားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)