တာချီလိတ် ၁၆ ဇူလိုင်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် တားဆီးနှိမ်နင်းရေးအတွက် ခြင်ဆေးဖျန်းခြင်းများကို ယနေ့ နံနက် ၈ နာရီက စတင်ပြုလုပ်ခဲ့သည်။

 

ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးမြင့်နိုင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ကျောင်းဖွင့်ချိန်အမီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် တားဆီးနှိမ်နင်းရေးအတွက် ခြင်ဆေးဖျန်းခြင်းများကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် တားဆီးနှိမ်နင်းရေး ဆေးပက်ဖျန်းခြင်းကို မြို့ပေါ်ရှိ အ.ထ.က(တာချီလိတ်)၊ အ.ထ.က (ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်)နှင့် အ.ထ.က-ခွဲ(ပုန်းထွန်) တို့၌ လုပ်ဆောင်သွားမည်ဖြစ်ပြီး လာမည့်စနေနေ့တွင် ရပ်ကွက်များအတွင်း အဖွဲ့များခွဲ၍ တစ်ပြိုင်တည်း ဆေးဖျန်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခတ်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)