မြင်းမူ ၁၆ ဇူလိုင်

 

စစ်ကိုင်းခရိုင် မြင်းမူမြို့နယ်အတွင်းရှိ မြို့မသစ်တောပျိုး ဥယျာဉ်အတွင်း ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးရန်အတွက် ပျိုးပင်များကို ပျိုးထောင်ထားရှိရာ ပျိုးပင်ပေါင်း ၃၃၀၀၀ ကျော်ကို ဇူလိုင်လ(၁၅)ရက်တွင် ဖြန့်ဝေပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

 

မိမိတို့ဒေသ ရာသီဥတု ရေ၊ မြေနှင့် ကိုက်ညီသော ပျိုးပင်များဖြစ်သည့် ယူကလစ်ပင် ၁၃၀၀၀၊ တမာ ၆၀၀၀၊ မယ်ဇလီပင် ၃၀၀၀၊ ရေတမာပင် ၁၀၀၀ နှင့် ကျွန်းပင် ၁၀၀၀၀ တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ မြိုမသစ်တောပျိုးဥယျာဉ်တာဝန်ခံ တောအုပ် ဦးမင်းဇော်ဆန်းထံမှ သိရှိရသည်။

 

ပျိုးပင်များကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ လူမှုရေး အသင်းအဖွဲ့များ တပ်ရင်းတပ်ဖွဲ့များနှင့်  အိမ်ထောင်စုမိသားစုများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရန်နှင့် တစ်အုပ်တစ်မ စိုက်ပျိုးရန်အတွက် လာရောက်ထုတ်ယူခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)

 

mdn