ကမမောင်း ၁၆ ဇူလိုင်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကမမောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖာပွန်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့မနက် ၉ နာရီအချိန်တွင် ကမမောင်းမြို့ရှိ သံလွင်ဦးဈေးနှင့် မနက်ခင်းပျံကျဈေး၊ အုန်းတောစက်လှေဆိပ်၊ အခြေခံပညာအထက်တန်းကျောင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် ကတိုင်တိကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ တားဆီးကာကွယ်ရေး၊ ဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများ သိရှိလိုက်နာကြစေရန်အတွက် သံချဲ့စက်ဖြင့် လှည့်လည်၍ကြော်ငြာခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများကို ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှမြို့ဦးစီးမှူး ဦးစောသော်တာလင်းသန့်နှင့် ဝန်ထမ်းများ၊ ဖာပွန်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စိန်လှဝင်းနှင့် ဝန်းထမ်းများက ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)


