ဇီးကုန်း ၁၆ ဇူလိုင်
ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော “(၇၃)နှစ်မြောက် အာဇာနည်နေ့အမှတ်တရ” စာအုပ်များကို အများပြည်သူလေ့လာဖတ်ရှုနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရုံးဌာနများ၊ စာသင်ကျောင်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများကို ယနေ့နံနက်က လိုက်လံဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်သော “(၇၃)နှစ်မြောက် အာဇာနည်နေ့” အထိမ်းအမှတ် အမှတ်တရစာအုပ်တွင် “၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်(စနေနေ့)မှ အာဇာနည်နေ့ အဖြစ်အပျက်များ၊ အာဇာနည်ကိုးဦး၏ လွတ်လပ်ရေးကြိုးပမ်းမှုများ၊ ရန်ကုန်မြို့ မြို့တော်ခန်းမ တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးတွင် နောက်ဆုံး ပြောကြားခဲ့သော ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဆရာဇော်ဂျီ ဆရာတင်မိုးနှင့် ဆရာကြီးမင်းသုဝဏ်တို့၏ ဇာတိသွေး ဇာတိမာန်မာန် ကဗျာများကို” အများပြည်သူ လေ့လာဖတ်ရှုနိုင်ရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်တွင် ထားရှိသည့်အပြင် ရုံးဌာနများ၊ စာသင်ကျောင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများကို အခမဲ့ လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)


