မုဒုံ ၁၆ ဇူလိုင်

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက သဘာဝဆိုးဆေးခြုံထည်ပုဝါ (လက်ရက်ကန်း) ဖြင့် လက်တွေ့လုပ်ငန်းခွင်သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု ရန်ပုံငွေ အစီအစဉ်ဖြင့် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ပြင်ပမှ နေရပ်ထံပြန်လာသူများ၊ အလုပ်အကိုင်ရှာဖွေနေသည့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် နေ့စဉ်ပုံမှန်ဝင်ငွေရရှိစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ကြောင်း မြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ပြောသည်။

 

အဆိုပါသင်တန်းကို ကျောင်းအုပ်ဆရာကြီးနှင့် သင်တန်းနည်းပြ (၂)ဦးတို့က ၂၄ ရက်ကြာ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၀ ဦး တက်ရောက်ကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)

 

mdn