ရွှေဘို ၁၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ ၁၁ ကေဗွီ စစ်တပ် (အရှေ့) ဖီဒါ အရင်းပိုင်းရှိ စံချိန်စံညွှန်း မပြည့်မီသော ကြိုးများအစား AWOC 95 ကြိုးများဖြင့် အစားထိုးလဲလှယ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဘုန်းမြင့်ဦးထံမှ သိရသည်။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ရွှေဘိုမြို့နယ်အတွင်း၊ ထရန်စဖော်မာများ တိုးချဲ့တည်ဆောက်ခြင်း၊ ၄၀၀ ဗို့လိုင်းများနှင့် ၁၁ ကေဗွီလိုင်းများ တိုးချဲ့တည်ဆောက်ခြင်း၊ စံချိန်စံညွှန်း မပြည့်မီသော ၄၀၀ ဗို့လိုင်းကြိုးများ၊ ၁၁ ကေဗွီလိုင်းကြိုးမျာအား စံချိန်စံညွှန်း ပြည့်မီသော လိုင်းကြိုးများဖြင့် အစားထိုးလဲလှယ်ခြင်းများကို တင်ဒါအောင် ကုမ္ပဏီဖြစ်သော မင်းချမ်းဖြိုးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုကို ရွှေဘိုခရိုင် လျှပ်စစ်အင်ဂျင်နီယာနှင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာတို့၏ ကြီးကြပ်မှုဖြင့် လုပ်ငန်းများ အချိန်မီပြီးစီးစေရေး ဆောင်ရွက်နေကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)


