နေပြည်တော်  ၁၆  ဇူလိုင် 

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီခွဲက ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ လိန်းလီတံတားတွင် နိုင်အေး(၃၉)နှစ် မောင်းနှင် လာသည့် Mark X အမျိုးအစားနက်ပြာရောင် မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ပေါင်းလောင်းမြို့၊ ဖိုကုန်းနယ်မြေရဲစခန်း ရှေ့တွင် ဖမ်းဆီးရမိပြီး ယာဉ်နောက်ခန်းအတွင်းမှ ဆာလာအိတ်ဖြင့်ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀,၀၀၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် နိုင်အေးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

(ရဲပြန်ကြား)