မင်းတပ်    ၁၆    ဇူလိုင် 

       

ချင်းပြည်နယ် မင်းတပ်မြို့ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှ ကြီးမှူးကျင်းပမည့် ရိုးရာအစားအသောက် အချက်အပြုတ်ပြိုင်ပွဲအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ယင်းအစည်းအဝေးတွင် ယခုလိုပြိုင်ပွဲကျင်းပရခြင်းသည်ချင်းပြည်နယ်၏ ခရီးသွားကဏ္ဍမြှင့်တင်ရန်အတွက် ပြုလုပ်ခြင်းဖြစ်ပြီး ချင်းတိုင်းရင်းသားများ၏ ရိုးရာအစားအသောက်များကို ပြန်လည်ဖော်ထုတ်နိုင်ရန်နှင့် ပျောက်ကွယ်လုနီးပါးဖြစ်နေသော ဒေသစားဖွယ်များကို ယှဉ်ပြိုင်ရမည်ဖြစ်ကာ ပွဲဖြစ်မြောက်ရေးကော်မတီဖွဲ့စည်း၍ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

အဆိုပါ ရိုးရာအစားအစာအချက်အပြုတ်ပြိုင်ပွဲအတွက် ပြည်နယ်ဘတ်ဂျက်မှ ငွေကျပ်(၃၅) သိန်းထောက်ပံ့ပေးမည်ဖြစ်ပြီး၊ပြိုင်ပွဲတွင်ချင်းပြည်နယ်အတွင်းရှိ ချင်းတိုင်းရင်းသားမျိုးနွယ်စုများအလိုက် ပါဝင်ယှဉ်ပြိုင်နိုင်ရန် စည်းရုံးဆောင်ရွက်ရန်နှင့်ပြိုင်ပွဲကိုလာမည့်စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်  နိုင်ရန် လျာထားကြောင်း သိရသည်။

 

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)