ပွင့်ဖြူ ၁၆ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင်ဖြူငါးလုပ်ငန်းစခန်းမှ COVID-19 ကာကွယ်ရေး ငါးရိက္ခာများစားသုံးပေး ပိုစတာစိုက်ထူခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ရှောက်တောကျေးရွာ၊ ယာယီဈေးတွင် မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွန်း၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသိန်းကိုကိုထွန်း၊ ပွင့်ဖြူငါးလုပ်ငန်းစခန်း တာဝန်ခံ ဦးဉာဏ်ဝင်းတို့နှင့်ဝန်ထမ်းများမှပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊အလားတူ ပွင့်ဖြူငါးလုပ်ငန်းစခန်း တွင် COVID-19 ကာကွယ်ရေး ငါးရိက္ခာများစားသုံး ပေးပိုစတာစိုက်ထူခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
MDN


