ပျဉ်းမနား ၁၆ ဇူလိုင်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွှေကောင်းကံစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းရှိ အသင်းသားပိုင်လယ်ယာမြေ ၅၀ ဧကနှင့် ဇေယျာသီရိမြို့နယ် အိုင်စောက်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းရှိ အသင်းသားပိုင်လယ်ယာမြေ ၆၆ ဧက၊ စုစုပေါင်း ၁၁၆ ဧကအား ယခုနှစ် မိုးရာသီစပါးစိုက်ပျိုးချိန်အမီ အသင်းနှင့် အသင်းသားစာချုပ်ချုပ်ဆို ၍ Contract Farming စနစ်ဖြင့် စပါးများ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ထွန်ယက်ချိန်မှ ရိတ်သိမ်းချိန်အထိ လိုအပ်သော စိုက်ပျိုးစရိတ်ပေါ် အခြေခံ၍ အသင်းသားတစ်ဦးလျှင် တစ်ဧက ငွေကျပ် ၂၂၀,၀၀၀/- နှုန်းကို ထုတ်ချေးပေးခဲ့ပြီး သီးနှံပေါ်ချိန်တွင် ထုတ်ချေးငွေနှင့် ညီမျှသောစပါးကို စာချုပ်ပါသတ်မှတ်နှုန်းဖြင့် အသင်းက ရယူ၍ သီးနှံရောင်းချပြီးချိန် အသင်းနှင့် အသင်းသား အကျိုးအမြတ်ခွဲဝေမည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MDN


