နေပြည်တော် ၁၆  ဇူလိုင် 

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး မစ္စတူနယ်တီးနပ်(စ်) အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ-နော်ဝေ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ ငါးဖမ်းလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်း၊ သဘာဝသယံဇာတ၊ စွမ်းအင်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့် ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)