ကလေးဝ ၁၇   ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ကိုင်းကျေးရွာအုပ်စု ဇီးဒေါင့်ကျေးရွာတွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပြိုကျ၍ နေအိမ်တစ်လုံး ယနေ့နံနက် ၁၀ နာရီခွဲက ပြောင်းရွှေ့ခဲ့ရသည်။

 

 IMG-c43027

 

ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၅၅၀ စင်တီမီတာဖြစ်ပြီး ကလေးဝမြို့တွင် မိုးရွာသွန်းမှု မရှိသော်လည်း ယခုအခါ ချင်းတွင်းမြစ်ရေသည် ၁၃၁၁ စင်တီမီတာသို့ ရောက်ရှိနေ၍ ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ဇီးဒေါင့်ကျေးရွာနေ ဦးပေါစံ၏ နေအိမ်အနီး မြစ်ကမ်းပြိုကျမှု နံနက် ၈ နာရီခွဲက စတင်ဖြစ်ပေါ်ခဲ့ပြီး နေအိမ်နှင့်နီးကပ်လာသဖြင့် နံနက် ၁၀ နာရီခွဲ၌ ဦးပေါစံ၏ ၃ ပင် ပတ်လည် သွပ်မိုး၊ ကပ်ကာ နေအိမ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများ ပူးပေါင်း၍ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)

 

 IMG-c66c44de