ဟားခါး ၁၇ ဇူလိုင်
ချင်းပြည်နယ် ဟားခါးမြို့ ပြည်တော်သာမြို့မစျေး၌ ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဉီးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဉီးစီးအရာရှိ (အစားအသောက်) ဒေါ်မြင့်သီတာတင်နှင့် ပူးပေါင်းအဖွဲ့များက ပြည်တော်သာမြို့မစျေးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သည့် သက်တမ်းလွန် စားကုန်များ ရောင်းချခြင်းရှိမရှိတို့ကို စစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးရန် သင့်သည့် သက်တမ်းလွန်စားကုန်များ ခန့်မှန်းတန်ဖိုး (၄၆၃၀၀) ကျပ်ခန့်ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထို့နောက် ပူးပေါင်းအဖွဲ့သည် ကုန်စုံဆိုင်များမှ အစားအသောက် (၁၅)မျိုးအား နမူနာယူ၍ ရွှေ့လျားဓာတ်ခွဲယာဉ် (Mobile Lab Van) ဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ တားမြစ်ဓာတုပစ္စည်းများ ပါ၀င်မှုမရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


