ရေစကြို ၁၇ ဇူလိုင်
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် နွယ်နီကျွန်းကျေးရွာနှင့် မအူငယ်ကျေးရွာတို့တွင် ချင်းတွင်းမြစ်ရေတိုက်စား၍ ကြိုတင်ပြောင်းရွှေ့ခဲ့ရသော လူနေအိမ် ၅ လုံးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော လူနေအိမ် ၅ လုံး၊ အိမ်ထောင်စု ၅ စု၊ လူဦးရေ ၁၈ ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ၅၀၀၀၀ဝ ကျပ်၊ ဆန်ရိက္ခာဖိုး ၃၇၈၀ဝ ကျပ်၊ စုစုပေါင်း ငွေကျပ် ၅၃၇၈၀ဝ အား ရေစကြိုမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာဝန်ရှိသူများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်အောင်(ပြန်/ဆက်)


