နေပြည်တော် ၁၇ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့အတွင်း ဇူလိုင်လ ၁၅ ရက် ညနေ ၄ နာရီခွဲက မိုးရွာသွန်းပြီး ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မြို့မရပ်ကွက်နှင့် ပေါမိုင်းရပ်ကွက်တို့၌ ရေအနက် ၂ ပေခန့် ဝင်ရောက်လျက်ရှိသဖြင့် အဆိုပါရပ်ကွက်များရှိ အိမ်ထောင်စု ၈ စု၊ လူဦးရေ ၂၆ ဦးသည် ပေါမိုင်းရပ်ကွက်တောင်တန်းသာသနာပြု ဘုန်းကြီးကျောင်းသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)


