နေပြည်တော် ၁၇ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ဇူလိုင်လ ၁၆ ရက် နံနက် ၁၀ နာရီအချိန်က မိုးရွာသွန်းပြီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် တွင်းငယ်ကျေးရွာ၌ ရေအနက် ၃ ပေခန့် ဝင်ရောက်လျက်ရှိသဖြင့် အိမ်ထောင်စု ၅၃ စု၊ လူဦးရေ ၂၅၆ ဦး နွား ၁၇၈ ကောင်၊ ဝက် ၂၀ ကောင်၊ ကြက် ၂၈ ကောင်တို့သည် အဆိုပါကျေးရွာရှိ နန္ဒမာလာဘုန်းကြီးကျောင်းပါ ၃ နေရာသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား


