ဘားအံ ၁၇ ဇူလိုင်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အမှတ်တရ စာအုပ်များကို ဇူလိုင်လ(၁၇)ရက်နေ့ နံနက်ပိုင်းက ဆက်လက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဘားအံခရိုင်ရုံး ဝန်ထမ်းများက အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားထားသည့် အာဇာနည်(၉) ဦး၏ အထ္ထုပ္ပတ္တိ ၊ ရန်ကုန်မြို့ မြို့တော်ခန်းမတွင် တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေး၌ ဖဆပလ ဥက္ကဌ ဦးအောင်ဆန်း၏ နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက် ၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၏အမှာစကား၊ အာဇာနည် ခေါင်းဆောင်ကြီးများကျဆုံးပြီး ထုတ်လွှင့်သည့် သခင်နုမိန့်ခွန်းများ၊ ဆရာဇော်ဂျီ၊ ဆရာတင်မိုးတို့၏ ကဗျာများပါဝင်သော အာဇာနည်နေ့ အမှတ်တရစာအုပ်များကို ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများအား ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးစိုးအေး(ပြန်/ဆက်)


