၁၈ ဇူလိုင်
- လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်းဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်/သံပိုက်များယူဆောင်၍ အာဇာနည်ဗိမာန် အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။
- လာရောက်သူများအားလုံး နှာခေါင်းစည်း(Mask)များ မပျက်မကွက်စနစ်တကျတပ်ဆင်ရန်၊
- သတ်မှတ်ပေးထားသောနေရာများတွင် စနစ်တကျလက်ဆေးခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်းခြင်းတို့ကိုဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်၊
- ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းနှင့် လင့်လမ်းဆုံတွင် ကိုယ်အပူချိန် တိုင်းတာခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီ ဖုန်းနံပါတ်စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန်၊
- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social/ Physical Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက်အကွာအဝေးများကို (၆) ပေ အကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများ အလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်၊
- ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း အပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်၊
- အာဇာနည်ဗိမာန်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊
- အာဇာနည်ဗိမာန်ရင်ပြင်ပေါ်တွင် ဂါရဝပြုသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆)ပေခြား၍ တစ်ကြိမ်လျှင် (၁၂) ဦး စီဖြင့် သတ်မှတ်နေရာတွင် ဂါရဝပြုအလေးပြုရန်နှင့် ပြန်လည်ထွက်ခွာရာတွင်လည်း တစ်ဦးနှင့်တစ်ဦး (၆)ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်၊
- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့် (CovID-19)ဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊ သတိပေးချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ရန်၊
- သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများနေဖြင့် လုံးဝ(လုံးဝ)လာရောက်ခြင်း မပြုရန်၊
- ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အင်အားကုန်ခန်း ခြင်း စသည့်ရောဂါလက္ခဏာများ ဖြစ်ပွားနေပါက လုံးဝ(လုံးဝ)လာရောက်ခြင်းမပြုရန်၊
- အစုလိုက် အလေးပြုသည့်အချိန်အား (၁၅) မိနစ်ထက် ပိုမကြာစေရန်။


