မိုးနဲ ၁၈ ဇူလိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏စီစဉ်မှုဖြင့် ပြည်သူများနေ့စဉ် စားသုံးနေသည့် ငါးမျိုးသယံဇာတ ပြန့်ပွားရန်၊ ဒေသအတွင်း ငါးစားသုံးမှု မြင့်မားလာစေရန်နှင့် ငါးမျိုးမပြုန်းတီး စေရန်ရည်ရွယ်၍ အင်းအိုင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို မိုးနဲမြို့ နောင်ကျော့အင်းနှင့် နောင်အွန်အင်းတို့၌ ယမန်နေ့ညနေ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ရာသို့ မိုးနဲမြို့နယ်မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းလိန်၊ လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးအရာရှိ ဒေါ်သက်စုရည်ဝင်း နှင့်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး နောင်ကျော့အင်းနှင့် နောင်အွန်အင်းအတွင်းသို့ ရွှေဝါငါးကြင်း တစ်လက်မအရွယ်ရှိ သားပေါက်ကောင်ရေ ၇၅၀၀ ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)


