မင်းဘူး   ၁၈  ဇူလိုင်                 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာရှိ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အခြေခံစားသောက်ကုန် ၅ မျိုးကို လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က နိဗ္ဗာန်ကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းပေးအပ်ရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဦးကျော်စွမ်းရည်နှင့် ဦးကျော်ငွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအဖွဲ့အစည်းများက  မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြောင်းရွှေ့ရသော အိမ်ထောင်စု ၆၉ စုအတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ တစ်အိမ်ထောင်လျှင် ဆန် ၂၄ ပြည်ဝင် တစ်အိတ်၊ ပဲဆီ ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ၊ အာလူး ၁ ပိဿာ၊ ပဲ ၁ ပိဿာ တို့ကို လက်ဝယ်အရောက် လှူဒါန်းပေးအပ်ခဲ့ပြီး၊ လှူဒါန်းမှုပစ္စည်းစုစုပေါင်းတန်ဖိုးငွေကျပ်သည် (၂၃) သိန်းကျော် တန်ဖိုးရှိကြောင်း သိရသည်။

 

အဆိုပါကျေးရွာတွင် “အိမ်ထောင်စု ၂၂၁ စု ရှိပြီး ကမ်းပြိုဘေးသင့် ပြောင်းရွှေ့အိမ် ထောင်စု ၆၉ စုရှိကြောင်း၊ ကိုဗစ်-၁၉ ကာလမှာ ယခုလိုလာရောက်လှူဒါန်းပေးသည့်အတွက်  ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအနေဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်ပါကြောင်း၊ ပြောင်းရွှေ့အိမ်ထောင်စုများသည် မြေကွက်အသစ်သို့ ပြောင်ရွှေ့ရာတွင် မြေနေရာများလည်း အခက်အခဲရှိကြောင်း” ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းထံမှ သိရသည်။

မောင်မောင် (မင်းဘူး)

sfsdf

 

sfsdf69