မန္တလေး  ၁၈ ဇူလိုင်

မန္တလေးမြို့လယ်ကောင်ရှိ ယာဉ်ကြောကျပ်တည်းမှု အများဆုံးဖြစ်သည့် ၆၉ လမ်းမကြီးအား ၂၀၁၉-၂၀၂၀ ဘတ်ဂျက်အတွင်းမှာ လမ်းချဲ့ခြင်းကို အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာဘာရေးကော်မတီဝင် ဉီးကျော်ဇောအောင်က ပြောသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ ၆၉ လမ်းသည် မန္တလေးမြို့၏ အဓိက လမ်းမကြီးဖြစ်သလို မန္တလေးတက္ကသိုလ်နှင့် ဗောဓိကုန်းဘုရားဝန်း၏ အရှေ့ဘက်တွင်တည်ရှိသည်။ အဆိုပါလမ်းမကြီးသည် ကျောင်းသားကျောင်းသူများ နေ့စဉ်သွားလာသူများဖြင့် ယာဉ်ကြောကျပ်တည်း မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

၆၉ လမ်း မဟာအောင်မြေမြို့နယ် ၃၅ လမ်းကနေ သိပ္ပံလမ်းအထိ အရှည်ရှိတယ် မြို့ရဲ့ အလယ်ကောင်လည်းဖြစ်နေတယ် မြို့ရဲ့ ၆၉ လမ်းက  မန္တလေးတက္ကသိုလ်ရဲ့ အဆောင်တွေ တကယ်ကို စည်ကားတဲ့နေရာဖြစ်တယ်။ယာဉ်ကြောကျယ်ဝန်းစေဖို့ နိုင်လွန်လမ်း ပရီကပ်မြောင်း မီးတိုင်တွေက အစ လုပ်ဖို့ရှိပါတယ်။ဒီလမ်းထဲမှာ ကျူးထားတဲ့မြေတွေရှိတယ် အဲဒါတွေကို ပြည်သူလူထု စိတ်အနှောက်အယှက်မဖြစ်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမှာပါဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဉီးကျော်ဇောအောင်က ပြောသည်။

ယခုအခါ အဆိုပါလမ်းမကြီး ကျယ်ဝန်းစေရန်အတွက် ဗောဓိရိပ်သာမှ အကျယ် ပေ နောက်ဆုတ်ပေးခြင်း ၆၉ လမ်း ၄၁ လမ်းထောင့်တွင် မီးပွိုင့်တပ်ဆင်ရန် မြေ ၃၂ ပေ ၁၅ ပေ နောက်ဆုတ်ပေးခြင်းများ ဆောင်ရွက်ပေးသဖြင့် လမ်းချဲ့ထွင်ခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အဓိကက ၆၉ လမ်းမှာ အရှည်ဆုံးဖြစ်တဲ့ မဟာဗောဓိရိပ်သာဟာ ပေ ၁၆၀၀ ကျော်(တောင်မြောက်) ရှည်လျားတယ်။ အကျယ်ပိုရအောင် ပေနောက်ဆုတ်ပေးတယ် ၆၉ လမ်း ၄၁ လမ်းထောင့် မကြာခင် မီးပွိုင့်လုပ်တော့မှာပါ အဲနေရာက အမြဲတမ်းယာဉ်ကြော ကြပ်တည်းတယ်  မီးပွိုင့်တပ်ဆင်ဖို့ ဗောဓိရိပ်သာက ၁၅ ပေ၊ ၃၂ ပေ ကိုလည်းပေးပါတယ်။ အခုလို ကူညီဆောင်ရွက်ပေးတဲ့အတွက် ဗောဓိရိပ်သာဂေါပကအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်ဟု ဉီးကျော်ဇောအောင်က ဆိုသည်။

၆၉ လမ်းမကြီးအား လမ်းချဲ့ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘတ်ဂျက်အတွင်းမှာ လမ်းချဲ့ခြင်းလုပ်ငန်းအပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မေသက်ထား

FB_IMG_1595056454562