ကရသူရိ ၁၈ ဇူလိုင်
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အမှတ်တရစာအုပ်များဖြန့်ဝေခြင်းကို ယနေ့ နံနက်က တနင်္သာရီတိုင်းဒေသကြီး၊
ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၌ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ်တရ စာအုပ်များကို ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ(နှစ်မျိုး)ဖြင့် ထုတ်ဝေခဲ့ပြီး စာအုပ်ပါအကြောင်းအရာများမှာ အာဇာနည် ခေါင်းဆောင်ကြီး(၉)ဦး၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်ခေါင်းဆောင်များကျဆုံးပြီး ထုတ်လွှင့်သည့် သခင်နု၏မိန့်ခွန်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၏ အမှာစကား၊ ဆရာမင်းသုဝဏ်၏ ဗိုလ်ချုပ်အောင်ဆန်း(အတိတ်နှင့်ပစ္စုပ္ပန်)ကဗျာစသည်ဖြင့် ပြည်သူများသိမှတ်ဖွယ်ရာ၊ မှတ်သား ဖွယ်ရာများစုံလင်စွာပါရှိကြောင်း ၎င်းအမှတ်တရ စာအုပ်များကို ဌာနဆိုင်ရာရုံးများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)


