နတ်မောက်     ၁၈     ဇူလိုင်     

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တာဝန်ရှိသူများနှင့်အတူ   ဇူလိုင် ၁၈ ရက်  နံနက် ၉ နာရီက နတ်မောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ နတ်မောက်မြို့နယ် One State One Township Project အရ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကားပြောကြားပြီး မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က နတ်မောက်မြို့၏ One State One Township Project အရ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို  Projector ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြရာ လုပ်ငန်းကော်မတီများ၏ တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ  Smart    Office  မြို့ပေါ်(၇)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး(၇)ရုံးအတွက် Computer , Printer နှင့် ဆက်စပ်ပစ္စည်းများကို မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုယ်စား ရန်အောင်မြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ  ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်မောက်မြို့တွင်းလှည့်လည်၍ One State One Township Project အရ လုပ်ငန်းများ ဆောင်ရွက်ထားရှိသည့်အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)