မန္တလေး  ၁၉  ဇူလိုင်

 

(၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်းအတွင်း ကျင်းပခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ နိုင်ငံတော်အလံ တိုင်တစ်ဝက်ချခြင်း၊ မေတ္တာပို့အမျှဝေရန် (၂)မိနစ် ငြိမ်သက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအတွက် လွမ်းသူ့ပန်းခွေချခြင်းတို့ကို ပြုလုပ်ခဲ့သည်။

 

 ဆက်လက်ပြီး တရုတ်ကောင်စစ်ဝန်၊ အိန္ဒိယကောင်စစ်ဝန်နှင့် ဦးရာဇတ်၏ မိသားစုဝင်များ၊ ရဲဘော်ကိုထွေး၏ မိသားစုဝင်များက လွမ်းသူ့ပန်းခွေချခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး အခမ်းအနားကို တက်ရောက်လာသည့် ဧည့်သည်တော်များ၊ ပြည်သူများ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းအသီးသီးတို့က လွမ်းသူ့ပန်းခွေချခြင်း ဂါရဝပြုခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

 

#MRTV