ချင်းရွှေဟော် ၁၉ ဇူလိုင်

 

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့ ညနေ ၆ နာရီက ၅၇ ဦးနှင့် ယနေ့မွန်းလွဲ ၂ နာရီခွဲက ၁၂ ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ ၆၉ ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၆၉ ဦးတို့မှာ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၃၄ ဦးတို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှ ၃ ဦး၊ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ ၇ ဦး၊ မြို့သစ်မြို့နယ်မှ ၂ ဦးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ မြို့နယ်များမှ ၅၇ ဦး တို့ဖြစ်သည်။

 

ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား ၇၄၂၃ ဦးနှင့် အမျိုးသမီး ၆၀၀၁ ဦးတို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ ၁၃၄၂၄ ဦးတို့ကို   လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)