ဖားကန့်   ၂၀  ဇူလိုင်

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ စုပေါင်းလုပ်ကွက် ယခင်မြေပြိုကျခဲ့သည့်နေရာမှ ယနေ့ နံနက် ၃ နာရီခွဲခန့်က မြေပြိုကျမှု ထပ်မံဖြစ်ပွားကြောင်း သိရသည်။

 

အဆိုပါမြေပြိုကျမှုကြောင့် ဖားကန့်ဆိုင်ဘွမ်ကုမ္ပဏီ အဆောက်အဦနှင့် ဘက်ဟိုး(၁)စီး၊ ယခင်လူနေသည့် ဈေးတန်းဘက်မှ နေအိမ် (၁၂)လုံး(လူနေထိုင်ခြင်းမရှိ) ပါသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ထပ်မံ၍ အန္တရာယ်ရှိသည့် နေအိမ်များအား ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မြေပြိုကျမှု ထမ်မံဖြစ်ပွားသည့်နေရာသို့ ဖားကန့်မြိုနယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီဆောင်ရွက်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

MDN