၂၀ ဇူလိုင်

 

 

မက္ကဆီကို သမ္မတ မန်နူရယ် လိုပတ်စ် အိုဘရာဒိုက နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်ကို မြှင့်တင်ရန် သံန္နိဋ္ဌာန်ချကြောင်း တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၃၉,၀၀၀ ကျော် သွားပြီဖြစ်ကြောင်း သိရပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင့် သေဆုံးသူတွေကို အောက်မေ့သတိရခြင်း၊ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ သူငယ်ချင်း တွေကိုလည်း ချစ်ခြင်းမေတ္တာတွေ ပေးဝေခြင်းများ လုပ်ဆောင်ပါကြောင်း ပြောဆိုမှုတွေ ပါဝင်တဲ့ ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာပေါ်မှာ သမ္မတက  တင်ခဲ့ပါတယ်။

 

 

သမ္မတ ပြောကြားခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ နောင်မှာ ကပ်ရောဂါကြောင့် သေဆုံးသူတွေကို အောက်မေ့ဖွယ် အခမ်းအနားတွေ လုပ်ဆောင်ပေးမှာဖြစ်ကြောင်း၊ ကပ်ရောဂါပိုးကို ကာကွယ်ရန် အချက် ၁၀ ချက် ပါ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ အဲဒီအချက် ၁၀ ချက်ထဲမှာ ကပ်ရောဂါကြောင့် ငတ်မွတ်မှုနဲ့ ဆင်းရဲမွဲတေမှု ကို တိုက်ဖျက်ရန် ရေရှည် ကမ်ပိန်းတစ်ခုကို စတင်ကြောင်း၊  အဲဒီကမ်ပိန်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာနဲ့ လူနေမှု ပုံစံမြှင့်တင်ရေး၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ အဝလွန် ရောဂါတွေ ကုသရေးဟာ ပထမဦးစားပေး ဖြစ်ကြောင်း  စတဲ့ အကြောင်းအရာတွေပါ ထည့်သွင်းပြောကြားပါတယ်။

 

 

လူဦးရေ ၁၂၇ သန်းနေထိုင်တဲ့ မက္ကဆီကို နိုင်ငံမှာ ကပ်ရောဂါပိုး တွေ့ရှိသူ ၃၄၄,၂၂၄ ဦးနဲ့ သေဆုံးသူ ၃၉,၁၈၄ ဦးကြောင်း၊ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူလို့ ယူဆရသူတွေပါ ထည့်ပေါင်းခဲ့ရင် သေဆုံးသူဟာ ၄၀,၀၀၀ ကျော်အထိရှိကြောင်း သိရပါတယ်။

 

 

လက်တင်အမေရိက နိုင်ငံတွေထဲမှာ မက္ကဆီကို နိုင်ငံဟာ ဘရာဇီးနိုင်ငံပြီးရင် ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ သေဆုံးသူ ၇၈,၇၇၂ ဦး ရှိပါတယ်။

 

 

MDN

ကိုးကား - AFP