၂၀ ဇူလိုင်

 

ဂျာမနီ၊ အီတလီနဲ့ ပြင်သစ် နိုင်ငံတို့ က လစ်ဗျားနိုင်ငံကို လက်နက်တင်ပို့ပေးတဲ့ နိုင်ငံတွေဟာ ချမှတ်ထားတဲ့ စည်းကမ်းကို ချိုးဖောက်တဲ့အတွက် အဲဒီနိုင်ငံတွေကို ပိတ်ဆို့ အရေးယူသွားဖို့ စဉ်းစားသွားမယ်လို့ စနေနေ့ထုတ်ပြန်တဲ့ သုံးနိုင်ငံကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

ကြေညာချက်မှာ ဘယ်နိုင်ငံတွေဆိုတာ အတိအကျ ဖော်ပြမထားပေမယ့် ကုလသမဂ္ဂရဲ့ လုံခြုံကောင်စီက ချမှတ်ထားတဲ့ လစ်ဗျားအရေးနဲ့ ပတ်သတ်တဲ့ စည်းမျဉ်းကို လေးစားဖို့ လိုအပ်ကြောင်းနဲ့ လစ်ဗျားအရေးကို ဝင်ရောက်စွက်ဖက်နေတာကို ရပ်တန့်ရန်ပါ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ကြေညာချက်မှာ လစ်ဗျားကို  ရေလမ်း၊ ကုန်လမ်းနဲ့ လေကြောင်းလမ်းကနေ လက်နက်တွေ တင်ပို့နေတဲ့နိုင်ငံတွေအား ပိတ်ဆို့အရေးယူသွားဖို့ စဉ်းစားရန် အဆင်သင့် ဖြစ်နေတယ်လို့ ဆိုပါတယ်။

 

လစ်ဗျား ဗိုလ်မှူး ခလီဖာ ဟပ်တာ ကို ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံတွေကတော့ ရုရှား၊ အီဂျစ် နဲ့ ယူအေအီး နိုင်ငံတွေဖြစ်ပါတယ်။

 

၂၀၁၅ ခုနှစ်ကစပြီး နိုင်ငံရေး အင်အားအတွက် တင်းမာမှုတွေ ဖြစ်နေရာ ကုလသမဂ္ဂက အသိအမှတ်ပြုထားတဲ့ ထရီပိုလိုအခြေအစိုက် GNA တပ်ကို ဘန်ဂါဆီအခြေစိုက် ဟပ်တာ ရဲ့ တပ်ဖွဲ့ တော်ဝင်စစ်တပ်က ဆန့်ကျင်နေခဲ့တာဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP