ညောင်ဦး ၂၀ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်တွင် ယနေ့ မွန်းလွဲ ၂ နာရီက ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် လူနေအိမ်တစ်လုံး ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၂ နာရီက ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးအနီးရှိ ဦးမင်းဇော်ခိုင်၏ သွပ်မိုး၊ ဝါးထရံကာ လူနေအိမ်မှာ မြစ်ရေတိုက်စားမှုကြောင့် တိုင်ခြေများပေါ်ကာ ယိုင်လဲနေပြီး လူနေထိုင်ရန် အန္တရာယ်ရှိသည့်အတွက် ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ မိသားစုဝင် (၃)ဦးအား ညောင်ဦးမြို့၊ သကြားရပ်ကွက်ရှိ ဆွေမျိုးများနေအိမ်တွင် ပြောင်းရွှေ့နေထိုင်စေခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


