လှိုင်သာယာ(အနောက်ပိုင်း) ၂၁  ဇူလိုင်  

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက် ဝေပုလ္လလမ်းတွင် မိုးတွင်းကာလ သွားလာမှု အဆင်ပြေစေရန် မြေသားလမ်းများမှ ကွန်ကရစ်လမ်းအဖြစ် အဆင်မြှင့် ဆောင်ရွက်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ ရပ်/ကျေး အလုပ်အမှုဆောင်နှင့်  တာဝန်ရှိသူများက ရေရှည်ခိုင်ခံ့မှုရှိစေရေး ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြတောင်းဆိုမှု ကြောင့် တိုင်းဒေသကြီးအစိုးရမှ စီမံဆောင်ရွက်ပေးမှုဖြင့် (၂၀၁၉−၂၀၂၀) တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက် ဝေပုလ္လလမ်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်၍ မိုးရာသီတွင် အများပြည်သူသွားလာရေး အဆင်ပြေစေရန် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်းသိရသည်။  

 

မြသန္တာဝင်း