ကန်ကြီးထောင့် ၂၁ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ မြန်မာဆယ်မာအူးလ်အွန်ဒုန် (SMU) စီမံကိန်းကျေးရွာ (၅) ရွာသို့ KOICA မှ ထောက်ပံ့သော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများပေးအပ်ပွဲကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီက ကွင်းယားကြီး ကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကြည်မိုးက ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး SMU စီမံကိန်းကျေးရွာ (၅) ရွာအတွက် KOICA မှထောက်ပံ့သော လက်ဆေးဘေစင် ၁၀ ခု၊ ဆပ်ပြာအဆီ ၃၆ ဘူး၊ ကာဘော်လစ်ဆပ်ပြာ ၁၈၆ တောင့်၊ အပူချိန်တိုင်းကိရိယာ ၅ ခုနှင့် Mask ၃၆ ဘူးတို့ကိုပေးအပ်ရာ SMU စီမံကိန်းကျေးရွာများမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ SMU စီမံကိန်းကျေးရွာများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)


