နတ်တလင်း  ၂၁  ဇူလိုင် 

 

ပဲခူးတိုင်းဒေသကြီး  သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများသည် ဇူလိုင် ၂၁ ရက်မှစ၍ ဖွင့်လှစ်ခြင်းကြောင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စတင် ကျောင်းတက်ရောက်ကြပြီ ဖြစ်သည်။ 

 

နတ်တလင်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း ၁၁ ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၁ ကျောင်း စုစုပေါင်းအထက်တန်းကျောင်း ၁၂ ကျောင်းစတင် ဖွင့်လှစ်ခြင်းကို အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြသည်။ ကျောင်းများစတင်ဖွင့်လှစ်ရာသို့ ဌာနဆိုင်ရာများ မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပရဟိလူမှုရေး အသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

 

ဝင်းမြင့်(နတ်တလင်း)