မော်လမြိုင်ကျွန်း ၂၁ ဇူလိုင်
လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် ကျောင်းများ ယနေ့နံနက် ၇ နာရီမှ စတင်ဖွင့်လှစ်သည်။
ကိုဗစ်ကာလအတွင်း ကျောင်းများဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ မိဘများပူးပေါင်း၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သီတာအောင်(ပြန်/ဆက်)


