ဖလမ်း  ၂၁  ဇူလိုင် 

 

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင် ၂၀ ရက်က ဖလမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖလမ်းမြို့နယ်၊ ခွန်လီကျေးရွာနှင့် ဆိမ်ဒီဟိုင်ကျေးရွာကြားရှိ တလိုင်ရောင်း ချောင်းမှ မဂ္ဂဝပ်လျှပ်စစ်ဓာတ်အား ၈.၉ ထုတ်လုပ်နိုင်မည့် နေရာများကို ကြည့်ရှုစစ်ဆေးသည်။ 

 

ထို့နောက် ခွန်လီအုပ်စု၊ ဘွာလ်မင်းအုပ်စု၊ ဆီမ်ဒိဟိုင်အုပ်စုအတွင်းရှိ ကျေးရွာ(၄)ရွာ နေပြည်သူများနှင့် ခွန်လီအုပ်စုစာရေး ဦးကြွန်နယ်ထန်းနေအိမ်၌ တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ 

 

ထို့နောက် အုပ်စု(၃)စုမှတာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြကြပြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ခွန်လီကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း ရေသွယ်ယူရေးအတွက် သိန်း(၂၀) နှင့် ဆီမ်ဒီဟိုင်ကျေးရွာ ဘောလုံးကွင်းအတွက် ထောက်ပံ့ငွေကျပ် သိန်း(၂၀)  ပေးအပ်သည်။

 

ဆက်လက်၍ ဖလမ်းမြို့နယ်၊ ရဲလ်စိန်းကျေးရွာ ဒေသခံပြည်သူများနှင့် အဆိုပါကျေးရွာ ခန်းမ၌ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားပစ္စည်းများနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်