ဖလမ်း       ၂၁     ဇူလိုင် 

 

ဖလမ်းမြို့ မြို့ပြစီမံကိန်းအတွင်း မြေကွက်(၂၄၇)ကွက်ကို ပြည်သူတွေထံ ရောင်းပေး နိုင်ရေး ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ဖလမ်းမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ လုပ်ငန်းညိှနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၀ ရက် ညနေက ဖလမ်းမြို့ တောင်ဇလပ်ရိပ်သာခန်းမ၌ ပြုလုပ်သည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် တို့က အမှာစကား ပြောကြားကြသည်။

 

mdn

 

ထို့နောက် ဖလမ်းမြို့စည်ပင်သာယာ ရေးကော်မတီဉက္ကဋ္ဌ ဦးဒါရ်လျန်အုပ်က မြေကွက်ရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက အသီးသီးဆွေးနွေးခဲ့ကြသည်။

 

ဖလမ်းမြို့၊ တလန်လိုရပ်ကွက်နှင့် ကျင်မွာလ်ရပ်ကွက်များတွင် လမ်းဖောက်ထားပြီး သည့် မြေကွက် (၂၄၇) ကွက်ကို အကျယ်အဝန်း ပေ(၈၀×၆၀) ပထမတန်းကို သိန်း(၃၀)၊ ဒုတိယတန်းကို သိန်း(၂၀)၊ တတိယတန်းကို (၁၀)သိန်းဖြင့် ပြည်သူများကို မဲနှိုက်စနစ်ဖြင့် ရောင်းချပေးရန်နှင့် အဆိုပါ မြေနေရာများကို အစိုးရထံ လှူဒါန်းခဲ့ကြသည့် ဆွန်တလာ ကျေးရွာနှင့် စီဇာမွာလ်ကျေးရွာများကို တစ်ရွာလျှင် မြေကွက်(၁၀)ကွက်စီဖြင့် မဲနှိုက်ပေးကာ အခမဲ့ချထားပေးရန် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်